မိုင်းရှူး မေ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုရေးဆိုင်ရာ ဆင့်ပွားသင်တန်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ခရေဆောင်ခန်းမတွင် ကျင်းပသည်။
အဆိုပါ ဆင့်ပွားဆွေးနွေးပွဲကို မိုင်းရှူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၇၂)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၃)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၁) ကျောင်းတို့မှ မူလတန်းကျောင်းအုပ်ကြီးများနှင့် မူလတန်းအဆင့် သင်ဆရာ/ဆရာမ စုစုပေါင်း(၉၉)ဦး တက်ရောက်လျက်ရှိပြီး မြို့နယ်ပညာရေးမှူး ဒေါ်သက်ချို၏ ကြီးကြပ်မှုနှင့်အတူ သင်တန်းနည်းပြ (၃)ဦးက မေလ ၁၄ ရက်နေ့ မှ ၂၄ ရက်နေ့အထိ (၁၀) ရက် ဆွေးနွေးပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းရှူး(ပြန်/ဆက်)