သထုံမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

သထုံ မေ ၁၄

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦစီးဌာန၏ ရက်(၁၀၀)စီမံချက်ဖြင့် ကျန်းမာရေးအသိပညာပေးခြင်း၊ စစ်ဆေးကုသပေးခြင်း စသည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ကွင်း‌ဆင်းဆောင်ရွက်ခြင်းကို ကျေးရွာအသီးသီးတို့၌ လိုက်လံပြုလုပ်လျက်ရှိရာ မေလ ၁၂ ရက်နေ့က သထုံမြို့နယ်၊ ဒေးဗရိန်းကျေးရွာနှင့် ဒူးရင်းဆိပ်ကျေးရွာတို့၌ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦး၏ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက အဆိုပါကျေးရွာအတွင်း၌ အသက် (၅)နှစ်အောက် ကလေးအာဟာရစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ခြင်း၊ အသက်(၄၀)နှစ်အထက်ပြည်သူများအား သွေးတိုးဆီးချိုစစ်ဆေးခြင်း၊ ငှက်ဖျားသွေးဖောက်စစ်ဆေးခြင်း၊ နာမကျန်းသူများ၊ သက်ကြီးပုဂ္ဂိုလ်များနှင့် ကိုယ်ဝန်ဆောင်မိခင်တို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကလေးများပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာ‌ပေးခြင်း၊ အဘိတ်ဆေးခတ်ပေးခြင်း စသည့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်