မင်းလှ ဇန်နဝါရီ ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့၊အမှတ်(၆)ရပ်ကွက်၊ ဘူတာဆင်းလမ်းရှိ မြို့ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီးတည်ဆောက်နိုင်ရေးအတွက် အလှူငွေများထည့်ဝင်လှူဒါန်းပေးသည့် အလှူရှင်များ အား(တတိယအကြိမ်) ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီချိန်က အဆိုပါဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကိုနမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်၍ သာသနာ့ဗိမာန်တော်ကြီး ဖြစ်မြောက်ရေးအဖွဲ့ ဩဝါဒ စရိယ ဝေဠုဝန်ကျောင်း တိုက်ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ပြီး ဩဝါဒ စကားများ မိန့်ကြားတော်မှုခဲ့သည်။
ထို့နောက်သာသနာ့ဗိမာန်တော်ကြီး ဖြစ်မြောက်ရေးအဖွဲ့ဩဝါဒစရိယ ဆရာတော်များကသာသနာ့ဗိမာန် တော်ကြီး တည်ဆောက်နိုင်ရေးအတွက် အလှူငွေများထည့်ဝင်လှူဒါန်းပေးသည့် အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ခဲ့သည်။
အဆိုပါဗိမာန်တော်ကြီး အလျား (၁၂၀)ပေ၊ အနံ(၆၀)ပေ၊RC (၃) ထပ်ဆောင်အဆောက်အဦးသည် ခန့်မှန်းတန်ဖိုး ကျပ်သိန်းခုနှစ်ထောင်ကျပ်ခန့်ကုန်ကျမည့်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်မှစတင်တည်ဆောက်ခဲ့ရာ ယခုအခါ ၆၀ ရာခိုင်နူန်းခန့်ပြီးစီးဖြစ်၍ လုပ်ငန်းအားလုံးပြီးစီးနိုင်ရန် အလှူငွေများဆက်လက်နိုင်ကြောင်း သိရသည်။
ပေါက်စ မင်းလှ