မိုင်းယုမြို့ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံး၊ ကျပန်းနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်

မိုင်းယု ဇန်နဝါရီ ၁

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ မြို့မရပ်ကွက်ရှိ အခြေခံပညာ အထက်တန်း ကျောင်း၌ ဇန်နဝါရီ ၁ ရက်၊ နံနက်ပိုင်းက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံး၊ ကျပန်းနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ စာစီစာကုံး၊ ကျပန်းနှင့် ပျော်ပွဲရွှင်ပွဲများကို  မူလတန်းအဆင့်တွင် ဂုန်နီအိတ်စွပ်၊ မီတာ(၅၀)အပြေး၊ အာလူးကောက်နှင့် စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့်တွင် စာစီစာကုံး၊ လွန်ဆွဲ၊ ထုတ်စီးထိုးနှင့် အထက်တန်း အဆင့် ကျပန်းစကားပြောပြိုင်ပွဲတို့ဖြစ်ကြသည်။

ယင်း ပြိုင်ပွဲဆုရ ကျောင်းသား/ကျောင်းသူများကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့တွင် ဆုများအသီးသီးပေးအပ် ချီးမြှင့်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ကိုကိုနိုင်(မိုင်းယု)