ကွမ်းခြံကုန်း ဇန်နဝါရီ ၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron)ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း Mask ဖြန့်ဝေပေးခြင်းကို ယမန်နေ့က ကွမ်းခြံကုန်းမြို့နယ်လူစည်ကာရာနေရာများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းမျာ ကျန်းမာရေး ဌာနမှဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ခရီးသွား ပြည်သူများ၊ ဈေးရောင်း ဈေးဝယ် ပြည်သူများအား ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက်နေအိမ်ပြင်ပ ထွက်ခွာ သွားလာရာတွင် နှာခေါင်းစည်း Maskကို မဖြစ်မနေ စနစ်တကျ တပ်ဆင်သွားလာရန်၊ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များ အား လိုက်နာ ဆောင်ရွက်ရန်တို့ကို အသိပညာပေး ပြောကြား ခဲ့ပြီး နှာခေါင်းစည်း( Mask) တပ်ဆင်ခြင်း မရှိသူများအား နှာခေါင်းစည်း( Mask)များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
(ဆွေနွယ်)