အမြို့မြို့အနယ်နယ်သတင်းများ

Jan 03,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်သတင်း စကားလက်ကမ်းစာစောင် (၂၀၀)စောင်နှင့် နှာခေါင်းစည်း(Mask) များကို  ယနေ့ နံနက် ၇ နာရီက အခမဲ့ဖြန့်ဝေ ခဲ့ကြသည်။
Jan 03,2022
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် စစ်တွေမြို့၌ အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိကြောင်း သိရသည်။
Jan 03,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီဌာနက ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင်ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် (၈) နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများနှင့် လူစည်ကားရာ နေရာများ တွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
Jan 03,2022
မိတ္ထီလာမြို့ အထက ၁ တွင်  (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်၌ အဆိုပါကျောင်းခန်းမတွင် ကျင်းပကြောင်း သိရသည်။
Jan 03,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ကာမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အွန်လိုင်းအသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက ကျင်းပခဲ့သည်။
Jan 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် “၇၄”နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့က ဟင်္သာတမြို့ အမှတ် ၅ အခြေခံပညာအထက်တန်းကျောင်းရှိ အမျိုးသားခန်းမ၌ ကျင်းပခဲ့သည်။
Jan 03,2022
၂၀၂၂ခုနှစ်၊ ဇန်နဝါရီ (၄) ရက်နေ့တွင်ရောက်ရှိမည့်  (၇၄)နှစ်မြောက်  လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို  ယနေ့ နံနက် ၈ နာရီက  ထားဝယ် ခရိုင်၊ ကလိန်အောင်မြို့  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသားကျောင်းသူများနှင့် ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Jan 03,2022
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ မြန်အောင်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊  မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင်  မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကလေးငယ်များအား  မွေးစမှအသက်တစ်နှစ်ခွဲအထိ  ပုံမှန်ကာကွယ်ဆေးတိုက်၊ ဆေးထိုးခြင်းများကို ယနေ့နံနက်က ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။