မြစ်ကြီးနားမြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်နှင့် Mask များအခမဲ့ ဖြန့်ဝေ

မြစ်ကြီးနား ဇန်နဝါရီ 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်သတင်း စကားလက်ကမ်းစာစောင် (၂၀၀)စောင်နှင့် နှာခေါင်းစည်း(Mask) များကို  ယနေ့ နံနက် ၇ နာရီက အခမဲ့ဖြန့်ဝေ ခဲ့ကြသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆) လပြည့် နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်သည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ မြန်မာ့ လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၄) ရပ်၊ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် ပထမဆုံးသော လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးနု ပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်များ ပါဝင်ကြောင်းသိရှိရ သည်။

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်သတင်း စကားလက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း(Mask) များကို ကချင်ပြည်နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူး(တာဝန်ပေး) ဦးအားဗျေ့ (ခ)ဦးအေးမောင်နှင့် ဝန်ထမ်းများ၊ မြစကြီးနားခရိုင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းနှင့် ဝန်ထမ်း များက မြစ်ကြီးနားမြို့ ဈေး(၁)၊ ဈေး(၂)၊ရေစင်ကွင်းဈေးနှင့် လူသွားလူလားများသည့် လမ်းဆုံ/ လမ်းဂွ များတွင် ဖြန့်ဝေခဲ့ကြသည်။

ယော်ဆောင်