စစ်တွေ ဇန်နဝါရီ ၃
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် စစ်တွေမြို့၌ အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိကြောင်း သိရသည်။
ထိုသို့အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိရာ စစ်တွေမြို့ ဦးဥတ္တမပန်းခြံ၌ အမျိုးသား အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဓညဝတီအားကစားခန်းမ၌ အမျိုးသားအလွတ်တန်း ဘော်လီဘောပြိုင်ပွဲ၊ ဝေသာလီအားကစားကွင်း၌ မီတာ ၁၀၀၊ မီတာ ၄၀၀၊ မီတာ ၈၀၀ အပြေးပြိုင်ပွဲ၊ လွန်ဆွဲပွဲနှင့် ထုပ်ဆီးထိုးပြိုင်များကို ကျင်းပလျက်ရှိပြီး ဝေသာလီဖူဆယ် အားကစားကွင်း၌ ဖူဆယ်ဘောလုံး ပြိုင်ပွဲ များကို ကျင်းပလျက်ရှိသည်။
အဆိုပါပြိုင်ပွဲများကို သက်ဆိုင်ရာ အားကစားခန်းမများ၊ အားကစားကွင်းများ၌ ဇန်နဝါရီလ ၁ ရက်နေ့မှ ၄ ရက်နေ့ထိ နံနက် ၈ နာရီမှ စတင်ကာယှဉ်ပြိုင်ကျင်းပလျက်ရှိပြီး ပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် အသင်းများကို ဇန်နဝါရီလ ၄ ရက်နေ့တွင် ဆုများချီးမြှင့်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ် အတွင်းရှိ အခြေခံပညာ ကျောင်းများတွင်လည်း လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပဟေဋ္ဌိ ဉာဏ်စမ်းပြိုင်ပွဲများကို ကျင်းပလျက်ရှိကြောင်း သိရသည်။
စာစီစာကုံးပြိုင်ပွဲနှင့် ပဟေဋ္ဌိဉာဏ် စမ်းပြိုင်ပွဲများတွင် ဆုရရှိသူများကို လွတ်လပ်ရေးနေ့ အခမ်းအနား တွင် ဆုများပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)