မြန်အောင် ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ မြန်အောင်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကလေးငယ်များအား မွေးစမှအသက်တစ်နှစ်ခွဲအထိ ပုံမှန်ကာကွယ်ဆေးတိုက်၊ ဆေးထိုးခြင်းများကို ယနေ့နံနက်က ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
မွေးစမှ အသက်တစ်နှစ်ခွဲအထိ ကလေးများအား ပုံမှန်ကာကွယ်ဆေးတိုက်၊ ဆေးထိုးခြင်းများ ဆောင်ရွက်ပေးရာတွင် ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာ ကွယ်ဆေး)၊ ပိုလီယိုကာကွယ်ဆေးထိုးဆေး၊ ဂျပန်ဦးနှောက်ရောင် ၊ ဝက်သက်၊ ဂျိုက်သိုး စသည့် ကာကွယ် ဆေးများကို မွေးစ၊ အသက်(၂)လ၊ အသက်(၄)လ၊ အ သက်(၆)လ၊ အသက်(၉)လနှင့်အသက်တစ်နှစ်ခွဲတို့တွင် သတ်မှတ်ဆေးထိုးရက်၊ အကြိမ်ရေအလိုက် ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဝင်းဗိုလ်