မိတ္ထီလာ ဇန်နဝါရီ ၃
မိတ္ထီလာမြို့ အထက ၁ တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်၌ အဆိုပါကျောင်းခန်းမတွင် ကျင်းပကြောင်း သိရသည်။
အဆိုပါ လွတ်လပ်ရေးနေ့အကြိုကျပန်းစကားပြောပြိုင်ပွဲတွင် လွတ်လပ်ရေးနေ့ တို့မမေ့၊ လွတ်လပ်ရေးအောင်ပွဲ တို့ဆင်နွှဲ၊ လွတ်လပ်ရေးနှင့်အတူ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ လွတ်လပ်ရေးနှင့် လူငယ့်တာဝန်၊လွတ်လပ်ရေးနှင့်အညီ တိုးတက်ခေတ်မီမြန်မာပြည် ခေါင်းစဉ်များကိုပြိုင် ပွဲဝင် ကျောင်းသူကျောင်းသားများက မဲနှိုက်ရွေးချယ်၍ ယှဉ်ပြိုင် ကျပန်းစကားပြောပြိုင်ကြသည်။ အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲအား အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ခွဲခြား ကျင်းပခြင်းဖြစ်သည်။ အထက်တန်းအဆင့်တွင် ကျောင်းသူကျောင်းသား ၁၁ ဦးနှင့် အလယ်တန်းအဆင့်တွင် ကျောင်းသူကျောင်းသား ၁၂ ဦး ပါဝင်ယှဉ်ပြိုင်ကြောင်း သိရသည်။
ချမ်းသာ