“၇၄”နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ကျပန်းစကားပြော ပြိုင်ပွဲကျင်းပ

ဟင်္သာတ ဇန်နဝါရီ   

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင်၇၄နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့က ဟင်္သာတမြို့ အမှတ် အခြေခံပညာအထက်တန်းကျောင်းရှိ အမျိုးသားခန်းမ၌ ကျင်းပခဲ့သည်။                                                                                 

ထို့နောက် မြို့နယ်ဆင့် ကျပန်းစကားပြောပြိုင်ပွဲကို  ``နိုင်ငံတစ်နိုင်ငံတည်ဆောက်ရေးတွင် လွပ်လပ်ရေးသည် မရှိမဖြစ်လိုအပ်သည့် ပင်မရင်းမြစ်အသက် သွေးကြောဖြစ်သည်´´ ``လွတ်လပ်ရေးကို အခြေတည် ပြည်ထောင်စုဖွားသွေးချင်းများ သွေးစည်းချစ်ကြည် လက်တွဲညီကြမည်´´ ``(၇၄)နှစ်မြောက်မှသည် ထောင်စုနှစ်များဆီဦးတည်လို့ လွတ်လပ်ရေးအမွေကို ထိန်းသိမ်းကြပါစို့ ´´စသည့်ခေါင်းစဥ်များဖြင့်  ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆု ရရှိခဲ့ကြသူများကို မြို့နယ်ပညာရေးမှုး ဦးဦးလှမြင့်ကလည်းကောင်း တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများကို ဒုတိယမြို့နယ်ပညာရေးမှုး ဦးအောင်ဆန်းဝင်း တို့မှ ဆုများချီးမြှင့်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲကို ယနေ့ခေတ် ကျောင်းသား/သူများအနေဖြင့် လွတ်လပ်ရေးနေ့ သမိုင်းကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်၊ လွတ်လပ်ရေး ရယူခဲ့ရပုံများနှင့် တန်ဖိုးထား နားလည်တတ်စေရန် စာပေဗဟုသုတ၊ စကားပြောစွမ်းရည်များ တိုးတက်စေရန် ရည်ရွယ်၍ ပြိုင်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုဇော်