ကော့ကရိတ်မြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် စာရေးသူ/ စာဖတ်သူအကြိုက် ဆွေးနွေးပွဲကျင်းပ

ကော့ကရိတ် ဇန်နဝါရီ

၂၀၂ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင်ကျရောက်သော (၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့် စာရေးသူ/ စာဖတ်သူအကြိုက် ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ရုံး (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ၊ ကျောင်းသား၊ သူများ၊ လူငယ်လူရွယ်များအနေဖြင့် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် ကာကွယ်စောင့်ရှောက်တတ်စေရန် စသည့် ရည်ရွယ် ချက်များဖြင့် လွတ်လပ်ရေးနှင့်ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်ပြသထားရာ တက်ရောက်လာသော (Youth Club) အဖွဲ့ဝင်များ၊ စာဖတ်ပရိသတ်များက စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြသည်။ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်လှလှနွယ်က ကော့ကရိတ်မြို့အတွင်းရှိ လူငယ်လူရွယ်များအနေဖြင့် စာဖတ်သည့်အလေ့အကျင့်များ ရရှိလာစေရန်၊  စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေချစ်မြတ်နိုးသူများအချင်းချင်း တစ်ဦး၏အတွေးအမြင်များ၊ ရသများကို ဖလှယ်ခွင့်ရရှိရေးအတွက်  ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ် ကြောင်း ရှင်းလင်းပြောကြားပြီး၊ တက်ရောက်လာသော (Youth Club) အဖွဲ့ဝင်များ၊ စာဖတ်ပရိသတ်များက မိမိဖတ်မှတ်လေ့လာထားသည့် အများကြိုက်နှစ်သက်မည့် စာအုပ်ခေါင်းစဉ်တို့ဖြင့် အသီးသီး ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။

စောအောင်မျိုးလွင် (ပြန်/ဆက်)