ပင်လောင်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်း ဗိုလ်လုပွဲနှင့် တတိယလုပွဲ ယှဉ်ပြိုင်ပြီး ဆုပေးပွဲ ကျင်းပ

ပင်လောင်း ဇန်နဝါရီ ၅

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုသည့် အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ အလွတ်တန်း(၂) ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် တတိယလုပွဲစဉ်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Center ရှိ ပိုက်ကျော်ခြင်း ကွင်းတွင် ယမန်နေ့နံနက်ပိုင်းတွင် ဆက်လက် ပြုလုပ်ခဲ့သည်။

ပြိုင်ပွဲသို့ ပင်လောင်းမြို့ပေါ် ရပ်ကွက်(၁၀)ရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ခြင်းလုံးအားကစားကို စိတ်ပါဝင်စားသည့် လူငယ်လူရွယ်များ ပါဝင်သည့် အသင်း(၁၄)သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး ဇန်နဝါရီ(၂)ရက်နှင့် (၃)ရက်နေ့တို့တွင် အုပ်စုပတ်လည် ပြိုင်ပွဲ၊ ရှုံးထွက်ပွဲစဉ်များ ကျင်းပခဲ့သည်။ ယနေ့နံနက်ပိုင်းတွင် ဗိုလ်လုပွဲနှင့် တတိယလုပွဲ၊ ပွဲစဉ်များအား ကျင်းပခဲ့ ခြင်းဖြစ်ပြီး အနိုင်ရရှိသော အသင်းများအား တာဝန်ရှိသူများက ဆုဖလား၊ ဆုတံဆိပ်များနှင့် ငွေသားဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း