ဟိုင်းကြီးကျွန်း ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲ သစ် အိုမီခရွန်(Omicron) ရောဂါ ကူးစက်ပျံ့နှံ့ မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်ဦးစီးဌာန တို့ပူးပေါင်း ၍ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (omicron) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများတွင် Handspeaker လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါသည် ယခုအချိန်တွင် ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်အဖြစ် ရက်ပိုင်းအတွင်း နိုင်ငံအများအပြား၌ ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာခြင်း၊ မြန်မာနိုင်ငံတွင် ပိုးတွေ့ရှိလာခြင်းတို့ကြောင့် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန်ကို ကြိုတင်ကာကွယ်နိုင်ရန် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်ကြရန်၊ လူအများနှင့် ထိတွေ့ဆက်ဆံပါက မျက်နှာကာ (Face shield) ကို တွဲဖက်တပ်ဆင်ရန်၊ လူစုလူဝေး ရှောင်ရှားရန်၊ လက်ကို စက္ကန့် ၂၀ ကြာ မကြာခဏ စနစ်တကျ ဆေးကြောရန်၊ အလုံပိတ်အခန်းများ၊ အဲယားကွန်းအခန်းများ၊ လေဝင်လေထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ရှားရန်၊ ကိုဗစ်-၁၉ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူကြရန်နှင့် ဟိုင်းကြီးကျွန်မြို့အတွင်းရှိ တစ်ကြိမ်တစ်ခါမှ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအနေဖြင့် သတ်မှတ်နေရာများ၌ ကာကွယ်ဆေးများ လာရောက်ထိုးနှံကြရန် စသည့် အချက်များကို Handspeaker ဖြင့် လှည့်လည်အ သိပေးနှိုးဆော်ခဲ့ကြကြောင်းသိရသည်။
နွေးနွေးအောင်ကြွယ် (ဟိုင်းကြီးကျွန်း)