ထီးချိုင့်၌ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ

ထီးချိုင့်  ဇန်နဝါရီ 

စစ်ကိုင်းတိုင်းဒေသကြီး၊  ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေး                   နေ့ အလံတင်အခမ်းအနားကို ယမန်နေ့ နံနက်()နာရီ မိနစ်(၂၀)အချိန် က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးအဝင်းအတွင်း၌ ကျင်းပရာ မြန်မာနိုင်ငံဂုဏ်ပြုရဲတပ်ဖွဲ့မှ  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို လွှင့်တင်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနှင့် တာဝန်ရှိသူများက အလေးပြုခဲ့ကြသည်။

ဆက်လက်၍ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို နံနက်()နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးခန်းမတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ တက်ရောက် လာကြသူများက ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား    အလေးပြုပြီးနောက်    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၄)နှစ်မြောက်  လွတ်လပ်ရေးနေ့သဝဏ်လွှာကို   မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းက ဖတ်ကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်  သတင်းစကား လက်ကမ်း စာစောင်များအား ဖြန့်ဝေခဲ့သည်။

ရဲလင်းထွန်း(ထီးချိုင့်)