တံတားဦးမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ငွေများ ထောက်ပံ့ပေးအပ်

တံတားဦး ဇန်နဝါရီ ၅

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ငွေများကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ရပ်ကွက်/ကျေးရွာ အုပ်စုများမှ အုပ်ချုပ်ရေးမှူးများက လာရောက်ထုတ်ယူကြကြောင်းသိရသည်။

ထောက်ပံ့ငေွများပေးအပ်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာန၏ အမျိုးသားလူမှုရေးပင်စင်များ‌ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ကြောင်း ၊ဒါ့အပြင် နိုင်ငံတော်မှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား  တစ်လလျှင်ငွေကျပ်တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ်ရာ ပထမသုံးလပတ်အဖြစ် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလ တို့အတွက်ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း တံတားဦးမြို့ နယ်အနေဖြင့် ရပ်ကွက်/ကျေးရွာ အုပ်စု(၆၄)အုပ်စုတွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၉၇၁)ဦးအတွက် ထောက်ပံ့ငွေကျပ် စုစုပေါင်း (၂၉၁၃၀၀၀၀) ကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဆက်လက်၍ တံတားဦးမြို့နယ် ဥတည်ကျေးရွာအုပ်စုတွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား (၁၄) ဦး ရှိပြီး  အဘိုး(၅)ဦးနှင့် အဘွား(၉)ဦးကို မိမိကျေးရွာအုပ်စုအတွင်း ရပ်ကွက်များသို့ တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံကန်တော့၍ သက်ကြီးဘိုးဘွားများက ဆုတောင်းမေတ္တာများ ပေးပို့သပေးသည့်အတွက် ဝမ်းသာပီတိ ဖြစ်ရပါကြောင်း အလားတူ ကျန်ရှိသောကျေးရွာများသို့လည်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက အိမ်တိုင် ရာရောက်  ဆက်လက်ထောက်ပံ့ပေးသွားဦးမည်ဖြစ်ကြောင်း ဥတည်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်ဦးထံ မှ သိရသည်။

ရဲတင့်(တံတားဦး)