လမ်းမတော် ဇန်နဝါရီ ၁၀
အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် ပြည်သူများအား ယာဉ်တိုက်မှုအန္တရာယ်မှ ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာစေရေးအတွက် ယနေ့နံနက် (၉း၀၀) အချိန်က မော်တင်ယာယီဈေးရပ်ကွက်၊ ဘုန်းကြီးလမ်းနှင့် ကမ်းနားကွန်ကရစ်လမ်းထောင့်တွင် ယာဉ် စစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ယာဉ်များသွားလာမှုများပြားသည့် မြို့နယ်အတွင်းရှိ၊ဘုန်းကြီးလမ်းနှင့် ကမ်းနားကွန်ကရစ်လမ်းထောင့်တွင် ယာဉ်တိုက်မှု မဖြစ်ပွားစေရန်၊ ယာဉ်အန္တရာယ် ကင်းရှင်းစေရန် အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်နောင်ဖြူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်မြို့နယ်စည်ပင်သာယာ အဖွဲဝင်များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး ခရီးသွားပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် ယာဉ်လမ်း ရှင်းလင်းစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်ဆန်းမြင့်