လှိုင်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်

လှိုင်  ဇန်နဝါရီ  ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ မိုးရာသီကာလအတွင်း ဖြစ်ပေါ်လေ့ရှိသော ရေကြီး ရေလျှံမှု မဖြစ်ပေါ်စေရန်၊ ရေစီးရေလာ ကောင်းမွန်စေရန်နှင့် ရေမြောင်းများ ပိတ်ဆို့မှုကြောင့်ခြင်များပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍   အင်းစိန်လမ်း လှိုင်ရတနာ ဈေးရှေ့တွင် အမြင့်တင့်တယ်၍ သန့်ရှင်းသပ်ရပ်မှုရှိစေရန် အမှိုက်များ၊ ရွက်ကြွေများ ရှင်းလင်းခြင်းနှင့် အုပ်မိုးသစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းအား စုပေါင်းဆောင်ရွက်ခဲ့ သည်

လှိုင်မြို့နယ်၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးဌာန ပတ်ဝန်းကျင်သန့်ရှင်ရေး၊ ရေစီးရေလာနှင့် ပန်းဉယျာဉ်ဌာနမှစုစုပေါင်း ဝန်ထမ်း(၂၅)ဦးက ရေမြောင်းအတွင်း အမှိုက်များ ရှင်းခြင်း၊ စျေး ၏ဘေး ဝဲ/ယာမှ ချုံနွယ်များနှင့် မြေပိုများကိုရှင်းခြင်း အမှိုက်များကို အမှိုက်သယ်ကားဖြင့် စနစ်တကျ ပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

သီတာ