Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သီတင်းကျွတ်လပြည်နေ့၌ မြစ်ကြီးနားမြို့ပေါ်ရှိ ရှေးဟောင်းသမိုင်းဝင်စေတီပုထိုးများ၌ ဆီမီးထွန်းညှိပူဇော်ခြင်း၊ မီးပုံးပျံများ လွှတ်တင်ပူဇော်ခြင်းနှင့် စတုဒီသာဧည့်…
Oct 07,2025
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)၌ ပြည်နယ်မြို့တော်မြစ်ကြီးနားမြို့၌ မြို့ပေါ်ရှိ ရှေးဟောင်းသမိုင်းဝင်စေတီတော်မြတ်ကြီးများတွင် ဆီမီး (၁၀၀၀) ထွန်းညှိပူဇော်ခြင်း၊ မီးပုံးပျံများလွှတ်တင်ပူဇော်ခြင်းနှင့် စတုဒီသာများဧည့်ခံကျွေးမွေးခြင်းတို့ဖြင့် အေးချမ်းပျော်ရွှင် စည်ကားသိုက်မြိုက်စွာကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်သူလူထုအတွက် ရွေးကောက်ပွဲ နှိုးဆော်…
Oct 07,2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အထောက်အကူဖြစ်စေရေး ပြည်သူလူထုအတွက် ရွေးကောက်ပွဲ နှိုးဆော်အသိပညာပေး ခြင်းဆိုင်ရာ မြေစိုက်ပိုစတာ (Billboard) များ စိုက်ထူဖွင့်လှစ်ခြင်း အခမ်းအနားများကို ယနေ့နံနက် (၈)နာရီက မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်မြို့၏ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးတွင် ဘုရားဖူးပြည်သူများ စည်ကားများပြား
Oct 07,2025
သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ အောက်တိုဘာ ၆ ရက်ညပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးတွင် ဥပုသ်သီလခံယူဆောက်တည်သူများ၊ ဝတ်ရွတ်အဖွဲ့များ၊ ဘုရားဖူးပြည်သူများ စည်ကားများပြားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးတံခွန်မြို့နယ် (ဃ)ရပ်ကွက်လုံးဆိုင်ရာ မီးထွန်းပွဲနှင့်နိဗ္ဗာန်ဈေးပွဲတော်ကျင်းပ
Oct 07,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်၊ ၆၁လမ်းနှင့် ၆၂လမ်းကြား ၁၁၇ လမ်းရှိ (ဃ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ (ဃ)ရပ်ကွက်လုံးဆိုင်ရာ မီးထွန်းပွဲနှင့်နိဗ္ဗာန်ဈေး ပွဲတော်အား ယမန်နေ့ ညနေ (၄)နာရီအချိန်ကစ၍ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးမြို့၌ ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)တွင် (၂၈) ကြိမ်မြောက် ဆီးမီးတစ်သောင်းတစ်ထောင်တစ်ရာ့တစ်ဆယ် ပူဇော်ပွဲကျင်းပ
Oct 07,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ဝါလကင်းလွတ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)၌ အမှတ် (၉) ရပ်ကွက် အရှေ့ခါးရိုးပရိယတ္တိစာသင်တိုက်အတွင်းတွင် တည်ထားကိုးကွယ်လျက်ရှိသော နှစ်ပေါင်း ၁၁၀ ရှိ ရှေ့ဟောင်းဆုတောင်းပြည့် ရန်အောင် လေးမျက်နှာစေတီတော်မြတ်ကြီး၏ (၂၈) ကြိမ်မြောက် ဆီမီးတစ်သောင်းတစ်ထောင်တစ်ရာ့ တစ်ဆယ် ပူဇော်ပွဲကို ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့တွင် သံဃာဂိုဏ်ပေါင်းစုံ ပဝါရဏာရွတ်ဖတ်ပွဲနှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Oct 07,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် သာသနာတော်နှစ် ၂၅၆၉ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ် သံဃာဂုဏ်းပေါင်းစုံ ပဝါရဏာရွတ်ဖတ်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ညနေ(၃)နာရီက ဆူးကုန်းရပ်ကွက် ရေနားသာမဏေကျော်ကျောင်း ဝေရီဇေယျသာသန ဝေပုလ္လကာရီ ဝိသုဂါမ မဟာသိမ်တော်ကြီးတွင် ကျင်းပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့သံဃမဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်လောင်းလှူပူဇော်
Oct 07,2025
ပဲခူးမြို့ သံဃမဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှကြီးမှူး၍ သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ (၆)ရက် မွန်းလွဲပိုင်းက ပဲခူးမြို့ရွှေမော်ဓောဘုရား တောင်ဖက်မုခ်ရှိ မဟာသီဝလိသိမ်တော်၊ ကြခတ်ဝိုင်းကျောင်းတိုက် သိမ်တော်၊ မဟာကလျာဏီသိမ်တော်နှင့် ကမ္မဌာန်းကျောင်းတိုက် သိမ်တော်စသည့်နေရာများတွင် သံဃဂိုဏ်းအလိုက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ လောင်းလှူပူဇော် ကြည်ညိုသည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့နယ်အတွင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှု
Oct 07,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ များတွင် မဲဆန္ဒရှင်စာရင်းများဖြစ်သော ပုံစံ (၁) ၊ (၁- က) များကို စက်တင်ဘာလ ၃၀ ရက်နေ့မှစတင်၍ ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
227
Page
228
Page
229
Page
230
Current page
231
Page
232
Page
233
Page
234
Page
235
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department