မြစ်သားမြို့နယ်၌ KG/Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်‌ဆောင်ရွက်နိုင်‌ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (မြို့နယ့်အဆင့်) ဆင့်ပွား ဆွေးနွေးပွဲကျင်းပ

မြစ်သား မေ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် KG/Grade-1 သင်ပြနည်းစနစ်နှင့် မူကြို သင်ပြနည်းစနစ် ချိတ်ဆက်‌ဆောင်ရွက်နိုင်‌ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (မြို့နယ့်အဆင့်) ဆင့်ပွားဆွေးနွေးပွဲ အခမ်းအနားကို မေလ ၁၄ ရက် နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအ‌ဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်နိုင်မင်းက ရှေးဦးအရွယ်ကလေးသူ ငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (မြို့နယ့်အဆင့်) ဆင့်ပွားဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ပညာရေးကဏ္ဍတွင်  ဆရာ၊ ဆရာမများ၏ စွမ်းဆောင်ရည်သည် အဓိကအခန်းကဏ္ဍမှာ ပါဝင်နေပါကြောင်း၊  လုပ်ငန်းခွင်အတွင်း ဆရာ၊ဆရာမများ၏ အရည်အသွေ မြင့်မားရေးအတွက် သင်ကြားမှုထိရောက်စေမည့် သင်ပြနည်းများကို ကောင်းမွန်စွာ လေ့လာမှတ်သားပြီး သင်ကြားရေးနယ်ပယ်တွင်အကျိုးရှိစွာ ပြန်လည်အသုံးချ၍ မြန်မာနိုင်ငံ၏ ပညာရေးအဆင့်အတန်းမြင့်မားစေရေးမှာ ပူးပေါင်းပါဝင် ကြိုးစားပေးကြပါလို့ တိုက်တွန်းမှာကြားခဲ့သည်။

မြစ်သားမြို့နယ်၌ KG/Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်‌ဆောင်ရွက်နိုင်‌ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (မြို့နယ့်အဆင့်) ဆင့်ပွား ဆွေးနွေးပွဲကို နည်းပြ ၁၆ ဦးက သက်ဆိုင်ရာ ဘာသာရပ်များအလိုက် မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာကြီး၊ ဆရာမကြီးများ ဖြစ်သည့် သင်တန်းသား ၃၅၉ ဦးအား မေ ၁၄ ရက် နေ့မှ ၂၄ ရက် နေ့အထိ သင်တန်းကာလ ၁၀ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)