ဝမ်းတွင်း မေ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်ထုတ်ပေးခြင်း အခမ်းအနားကို မေလ ၁၄ ရက်နေ့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက လမင်းစီမံချက်ဖြင့် ပြည်သူများအား အသက် ၁၀ နှစ် အထက် မှတ်ပုံတင်အသစ် ပြုလုပ်ပေးခြင်း၊ အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင်ထုတ်ပေးခြင်း အိမ်ထောင်စုစာရင်း ပြုလုပ်ပေးခြင်းနှင့် UID ကတ် ဆောင်ရွက်ပေးနေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်သိန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားတို့အား ကာကံရှင်များ လက်ဝယ်သို့ ပေးအပ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)