မြို့နယ်စာရေးဆရာအသင်း နှစ်ပတ်လည်မျက်နှာစုံညီ အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနား ကျင်းပ

ချမ်းမြသာစည် မေ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ မြို့နယ်စာရေးဆရာအသင်း နှစ်ပတ်လည်မျက်နှာစုံညီအစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

ဦးစွာ အမှုဆောင်သစ်ရွေး​ချယ်​တင်မြှောက်ခြင်း အခမ်းအနားသို့ မြို့နယ်စာရေးဆရာအသင်း ၁၈ ဦးရှိသည့် အနက် ၁၄ ဦး တက်ရောက်သည့်အတွက် အထမြှောက်ကြောင်း ကြေငြာပြီး မြို့နယ်စာရေးဆရာအသင်းနာယက ဦးမြင့်ဆွေက အမှားစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးမင်းဏီလူက အဖွင့်အမှာစကား ပြောကြားပြီး ဖိတ်ကြားထားသော အသင်းသားများက အပြန်အလှန် ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး ရွေးကောက်ပွဲကော်မတီဥက္ကဋ္ဌ ဒေါ်မြင့်မြင့်သန်းက ရွေးကောက်တင်မြှောက်ခြင်း စည်းမျဥ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးမင်းဏီလူ၊ အတွင်းရေးမှူး လွတ်လပ်ငြိမ်း၊ ဘဏ္ဍာရေးမှူး လွင်သူ၊ အမှုဆောင် (၁) အဖြစ် သုတေသီဝင်းမော်နှင့် အမှုဆောင် (၂) အဖြစ် ဇင်နှင်းတို့အား ရွေးချယ်တင်မြှောက်ခဲ့​​ကြောင်း သိရသည်။

အလင်းသစ် (ပြန်/ဆက်)