ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် တိုက်ကြီးမြို့နယ်၌ မွေးကင်းစကလေးအသည်းရောင်အသားဝါဘီ ကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှုအားပေး

ရန်ကုန် မေ ၁၄

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ရက် (၁၀၀) စီမံချက်ဖြင့် မွေးကင်းစကလေးအသည်းရောင်အသားဝါဘီ ကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှုအားပေးသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ရက် (၁၀၀) စီမံချက်ဖြင့် မွေးကင်းစကလေးအသည်းရောင်အသားဝါဘီ ကာကွယ်ဆေးထိုးနှံနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေသည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် အာဟာရဒါနအဖြစ် ကြက်ဥကတ်များနှင့် လိုအပ်သည့်ပစ္စည်းများကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)