ပွင့်ဖြူ ဖေဖော်ဝါရီ ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနCommunity Centreခန်းမတွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့ ည နေ ၄ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
အဆိုပါအသိပညာပေး ဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်ကကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာဆွေးနွေးပွဲ ကျင်းပပြု လုပ်ရခြင်းနှင့် ပတ် သက်၍ဆွေးနွေးပြောကြားပြီး၊ မြို့နယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေး အသင်း ဥက္ကဋ္ဌ ဦးခင်မောင်ဇော်ကကလေးအလုပ်သမား၏ အဓိပ္ပါယ်၊ ကလေးအလုပ်သမားများ၏ အသက် အရွယ်နှင့်ကလေးသူငယ်များ၏ အသက်အရွယ်ကွာခြားပုံ၊ ကလေးအလုပ်သမားများ၏ အသက်အရွယ် မှာအသက်(၁၄)နှစ်ပြည့်ပြီး အသက်(၁၆)နှစ်မပြည့်သေးသူကို သတ်မှတ်အလုပ်ချိန်ထက်ကျော်လွန်၍ အချိန်ပိုလုပ်ခွင့်မပြုကြောင်း၊ အသက်(၁၆)နှစ်ပြည့်ပြီး(၁၈)နှစ်မပြည့်သေးသူကို ကျန်းမာကြောင်း ဆရာဝန်၏ထောက်ခံချက်ဖြင့် အလုပ်လုပ်ခွင့်ပြုနိုင်ကြောင်းနှင့် အသက်(၁၈)နှစ်မပြည့်သူကို အန္တရာယ်ရှိသောအလုပ်တွင် မလုပ်စေရ(သို့မဟုတ်)လုပ်ခွင့်မပြုရကြောင်း၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃)ရပ်နှင့် အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူများကို ဆွေးနွေးပြောကြားပြီးကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံသားတိုင်း ပူးပေါင်းဆောင်ရွက်ပေးဖို့လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ခင်ဝါဝါလှိုင်(ပြန်/ဆက်)