သပိတ်ကျင်းမြို့တွင် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

သပိတ်ကျင်း ဖေဖော်ဝါရီ ၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန့်နေ့ ညနေ (၄)နာရီက သပိတ်ကျင်းမြို့၊ ကဘဲ့ရပ်ကွက် ရှိ မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲများမှ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် အရိပ်စစ်အသင်းနှင့် ဂျက်စကစ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အရိပ်စစ်အသင်းမှ ဂျက်စကစ်အသင်းကို (၃)ဂိုး (၂)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပထမဆုရ ရှိခဲ့ပြီး၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဖိုက်စတားအသင်းနှင့် စတုတ်အသင်းတို့ ဗိုလ်လုပွဲသို့တက်ရောက်ပြီး အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ ဖိုက်စတားအသင်းက အနိုင်ရရှိခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရ ပိုက်ကျော်ခြင်းနှင့် ဖူဆယ်ဘောလုံး အားကစားသမားများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ တက်ရောက် ကြည့်ရှု အားပေးခဲ့ကြပြီး၊ ပြိုင်ပွဲများအား ဇန်နဝါရီလ(၃၀)ရက်နေ့မှ ဖေဖော်ဝါရီလ (၂)ရက်နေ့အထိ မြို့ပေါ်ရပ်ကွက်များမှ ဖူဆယ်ဘောလုံးပြိုင်ပွဲကို အသင်း(၅)သင်းနှင့် ပိုက်ကျော်ခြင်း အားကစားကို အသင်း(၄)သင်းတို့မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသ ိရသည်။

စိုးနိုင်ဝင်း (သပိတ်ကျင်း)