တနင်္သာရီ ဖေဖော်ဝါရီလ ၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌဦးအေးနိုင်၏လမ်းညွှန်မှုအရ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ် ထိန်းချုပ်နိုင်ရေးနှင့်ဒေသခံမိဘပြည်သူများနှင့် ခရီးသွားပြည်သူများ နေအိမ်ပြင်ပသို့ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကိုစနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာကျင့်သုံးစေရေး ရည်ရွယ်ပြီး (Mask)များကို အခမဲ့ဖြန့်ဝေပေး၍ Mask Campaign ဖြင့် အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၇နာရီ ၃၀ အချိန်က တံတားစစ်ဆေးရေးဂိတ်နှင့်ဈေးအရှေ့တို့သို့ ပူးပေါင်းအဖွဲ့(၂)ဖွဲ့ခွဲပြီး Mask Campaign ပြုလုပ်ကြောင်း သိရသည်။
၎င်း Mask Campaign ပြုလုပ်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဒုဦးစီးမှူး ဦးတင်ထွန်းအောင်နှင့်ဦးမျိုးပြည့်ထွန်း တို့ကြီးကြပ်လျက် ရဲတပ်ဖွဲ့၊ ကျန်းမာရေး၊မီးသတ်တပ်ဖွဲ့၊ပြန်/ဆက်၊မြန်မာ့ဆက်သွယ်ရေး၊ မြို့နယ်စည်ပင်၊စိုက်ပျိုးရေးဦးစီးဌာနနှင့် ချောင်းကြီးရပ်ကွက်၊ ချောင်းငယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါသော ပူးပေါင်းအဖွဲ့များက တနင်္သာရီတံတားနှင့် အောင်မင်္ဂလာ(၁)ဈေးအရှေ့ တို့သို့ အဖွဲ့(၂)ဖွဲ့ခွဲ၍မော်တော်ယာဉ်နှင့်မော် တော်ဆိုင်ကယ်များဖြင့်ခရီးသွားမိဘပြည်သူများ နှင့် ဈေးဆိုင်ရောင်းချနေသူများထံ (Mask)(၃၂၀)ခုကို (အခမဲ့) ဖြန့်ဝေကြပြီး ပါးစပ်နှင့်နှာ ခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်ရေး၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးကြောင်း လက်မှတ်ကိုတပါတည်းယူဆောင်လာရေး၊ ကာကွယ်ဆေးမထိုးနှံရသေးသူများ ကိုကာကွယ်ဆေးထိုးအကြိမ်ပြည့်ထိုးနှံရေး အသိပညာပေးမှာကြား၍ စာရင်းများရယူရာ ဆေးမထိုးရသေးသူပေါင်း(၂၂)ဦး စာရင်းရရှိခဲ့ကြောင်း သိရှိရသည်။
ထိုကဲ့သို့ အသိပညာပေး Mask Campaign ကို ဖေဖော်ဝါရီလ(၉)ရက်နေ့အထိ ပညာပေးကာလအဖြစ်သတ်မှတ်၍ နေ့စဉ်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိန်ဝင်း(ပြန်ဆက်)