ကျောက်ဖြူ ဖေဖော်ဝါရီ ၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ဒေသထွက်ငါးနီတူခြောက်များမှာ ဝယ်ယူသူများပြားလျက်ရှိပြီး ရောင်းအားကောင်းလာကြောင်း ငါးခြောက်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးထံမှ သိရသည်။
“ကျွန်မတို့က ဒီငါးနီတူခြောက်တွေကို ငါးဖမ်းလှေသမားတွေဆီကတစ်ဆင့် ဝယ်ရပါတယ်၊ အခု အချိန်မှာ အဓိကအရောင်းအဝယ်လိုက်တာက ငါးနီတူခြောက်တွေလို့ ပြောရပါမယ်၊ ဒါပေမယ့် လည်း အရင်ထက်စာရင်တော့ တစ်ခြားငါးတွေဖြစ်တဲ့ ငါးတံခွန်ခြောက်တို့ ငါးဖောင်ရိုးတို့၊ ငါးမြွေ နိုင်တို့ ငါးကျောက်စိမ်းတို့လည်း အဝယ်လိုက်လာပါတယ်၊ သင်္ဘောကဝယ်ယူတုန်းက ငနီတူ ခြောက်တစ်ပိဿာကို ငါးထောင်ကျပ်နဲ့ဝယ်ရပြီးတော့ ပြန်ရောင်းတဲ့အခါမှာ ငါးထောင့်ငါးရာ ကျပ်နဲ့ ပြန်လည်ရောင်းချရပါတယ်”ဟု ငါးခြောက်လုပ်ငန်းလုပ်ကိုင်နေသည့် ဒေါ်သန်းသန်းဝင်းက ပြောသည်။
အဆိုပါ ငနီတူခြောက်များကို ဈေးကွက်အနေဖြင့် ကျောက်ဖြူမြို့မှဈေးတွေအပြင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များဖြစ်သည့် မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ အမ်း၊ တပ်တောင်၊ ရမ်းဗြဲ စတဲ့မြို့များနှင့် ပြည်ပမြို့များဖြစ်သည့် ရန်ကုန်နှင့် မန္တလေးမြို့များသို့ ဖြန့်ချိရောင်းချကြောင်း သိရသည်။
အဆိုပါ ငါးနီတူငါးမှာ ပင်လယ်ငါးတစ်မျိုးဖြစ်ပြီး ချက်စားခြင်း၊ ကြော်စားခြင်း၊ မီးကင်၍ ဆီ ဆမ်းသုပ်စားခြင်းဖြင့် မြိန်ချက်သောဟင်းလျာအဖြစ် အသုံးဝင်သည့်အပြင် ထမင်းကြော်၊ ကောက် ညှင်းပေါင်း၊ ဆီထမင်းပူပူတို့ဖြင့် မြန်မာ့ရိုးရာ နံနက်စာစားသောက်ရာတွင်လည်း တွဲဖက်စားသုံးလေ့ရှိကြသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)