မူဆယ်ခရိုင်/မြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန် ချက်များအပေါ် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး  လုပ်ငန်းညိနှိုင်း အစည်းအဝေးကျင်းပ

မူဆယ် မတ် ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ခရိုင်/မြို့နယ် စုပေါင်းရုံး အစည်းအဝေး ခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ချက်များအပေါ် အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး  လုပ်ငန်းညိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည် ၁ နာရီအချိန်က ကျင်းပခဲ့ကြသည်။

အဆိုပါ ကျင်းပရာတွင်  မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်ချက်များထဲမှ ကိုဗစ်-၁၉ ရောဂါနှင့်ပက်သက်၍ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်မြို့ရှိ ကျန်ရှိ တိုင်းရင်းသားပြည်သူများ မဖြစ်မနေ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံကြရန် တိုက်တွန်းနှိုးဆော်ကာ ပန်းခင်းစီမံချက်နှင့်လည်း ပက်သက်၍ ပြောကြားခဲ့သည်။ ထို့နောက် မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူးဦးဇော်လင်းမှ အသက်၁၈ နှစ် ပြည့်ပြီးသူတိုင်း နိုင်ငံသားကတ်တစ်ခုခု ကိုင်ဆောင်သင့်ကြောင်း  မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်မြို့ရှိ ပန်းခင်းစီမံချက်အကြောင်းကို Power Pointဖြင့် ရှင်းလင်း တင်ပြခဲ့သည်။

ယင်းနောက်  နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်နှင့် ကွတ်ခိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးညွှန်တို့မှလည်း ပန်းခင်းစီမံချက် ရာနှုန်းပြည့်ပြီးစီးရေးကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ကာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးရဲရင့်ထွန်းက ပန်းခင်းစီမံချက်နှင့် ပက်သက်၍ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း ပြောကြားခဲ့ရာ တက်ရောက်လာသော ဌာနဆိုင်ရာများနှင့်လည်း  အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ချက်များမှ ပန်းခင်းစီမံချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သော လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနကို မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးမှ ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ခဲ့ရာ လ.ဝ.က မူဆယ်မြို့နယ် ခရိုင်ဦးစီးမှူးဦးရဲရင့်ထွန်းမှလည်းကောင်း၊ လ.ဝ.က နမ့်ခမ်းမြို့နယ် ဦးစီးမှူး ဦးဆန်းနိုင်နှင့် လ.ဝ.က ကွတ်ခိုင်မြို့နယ်ဦးစီးမှူး ဦးဇော်မိုးအောင်တို့မှ လက်ခံရယူ ခဲ့ကြကြောင်း သိရသည်။

ဇင်မောင်(မူဆယ်)