တောင်ပြိုလက်ဝဲမြို့၌ မုန်တိုင်းအန္တရာယ်သတိပေးချက်များအား ပြည်သူများ သိရှိစေရေး လှည့်လည်ကြေညာ

တောင်ပြိုလက်ဝဲ မတ် ၂၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၌ သဘာ၀ဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ကာကွယ် ဆောင်ရွက်နိုင်ရေးအတွက် မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပြန်လည်လက်ခံရေးစခန်း မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းအန္တရာယ် သတိပေးချက်အား ပြည်သူများ သိရှိစေရေးနှင့် ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ ညနေပိုင်းက ရပ်ကွက်များသို့ လှည့်လည်ကြေညာခဲ့ကြသည်။

ထိုသို့ လှည့်လည်ကြေညာ ဆောင်ရွက်ရာတွင် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သည့် မုန်တိုင်းငယ်အခြေအနေ၊ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ၊ မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်းများ၊ သတိပေးနှိုးဆော်ချက်များနှင့် အကြံပြုချက်များကို အသံချဲ့ စက်များဖြင့် လှည့်လည်ကြေညာ ခဲ့ကြကြောင်း သိရသည်။

သိန်းနိုင်(ပြန်/ဆက်)