ငါးသိုင်းချောင်း မတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ကွင်းကြီးသဘော့ကျေးရွာအုပ်စု၊ ကွင်းကြီးကျေးရွာ၌ ယနေ့ မွန်းလွဲ (၁)နာရီခွဲအချိန်ခန့်က လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာအတွင်းရှိ အင်ဖက်မိုး၊ အင်ဖက်ကာ၊ ဝါးတိုင်၊ ဝါးခင်းနေအိမ် (၁)လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
လတ်တလောအခြေအနေတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရွာသူရွာသားများက အဆိုပါနေအိမ် ပြိုပျက်အိမ်ထောင်စု(၁)စုရှိ မိသားစုဝင်(၄)ဦးအား ဝိုင်းဝန်းကူညီ၍ နီးစပ်ရာ ဆွေမျိုးသားချင်းများ၏ ခြံအလွတ်အတွင်း ယာယီပြောင်းရွှေ့ နေရာချထားပေးထားကြောင်း သိရပြီး အဆိုပါဖြစ်စဉ်ကြောင့် လူနှင့်အသက်အန္တရာယ်၊ အခြားထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)