အမြို့မြို့အနယ်နယ်သတင်းများ

Mar 22,2022
ရန်ကုန်​မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ​ ကျေးလက်​နေပြည်သူများ သန့်ရှင်း​သော ​သောက်သုံး ရေဖူလုံစွာ ရရှိ​ရေးနှင့်​ ကျေးရွာသူ/သားများကုန်စည်စီးဆင်းမှုများအဆင်​ပြေ​စေရန်အတွက် ကုန်ထုတ်လမ်းများ​ဆောင်ရွက်ခဲ့ရာ ယခုအခါရာနှုန်းပြည့် ပြီးစီး​နေပြီဖြစ်​ကြောင်းမြို့နယ်​ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ သိရသည်။
Mar 22,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ ညနေ(၄)နာရီအချိန်က လူငယ်များ၏ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အကျင့်စာရိတ္တကောင်းမွန်ရေး၊ စိတ်ဓါတ် မြှင့်တင်ရေးနှင့် ကျန်းမာကြံခိုင်စေရေး ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့သည်။
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ လတ်တစ်လောဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်ကြောင့် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ယာယီခိုလှုံနိုင်ရန် ဆောင်ရွက်ထားသည့် ကယ်ဆယ်ရေးစခန်းများသို့ ယနေ့ နံနက် ၁၀ နာရီက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်နှင့် တာဝန်ရှိသူများက စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းခဲ့သည်။
Mar 22,2022
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ လူငယ်လူရွယ်များ အနေဖြင့် အခြေခံအားကစားနည်းစနစ်များအား သိရှိတတ်မြောက်စေရန်နှင့် ထူးချွန်ထက်မြက်ပြီး အရည်အသွေးရှိသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် နွေရာသီ အခြေခံ အားကစား သင်တန်းများကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပမည် ဖြစ်ကြောင်း သိရသည်။
Mar 22,2022
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်း မြို့နယ် အမှတ် (၂)ရပ်ကွက်၊ ​ပေါ်​တော်မူဘုရားဝန်း၌ ယမန်နေ့နံနက် ၉:၃၀ နာရီအချိန်မှစတင်ကာ အသက် ၁၈ နှစ်နှင့်အထက် မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး( Frist Dose) စတင်ထိုးနှံပေး လျက်ရှိသည်။
Mar 22,2022
ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ်(အရှေပိုင်း)မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းနှင့် ကျောင်းသားကျောင်းသူလူငယ်များဖြင့် ပူးပေါင်း၍ ယနေ့နံနက်၁၀နာရီအချိန်က ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လူထုအခြေပြု ဗဟိုဌာန CommunityCentre ခန်းမတွင် ကျောင်းသား/ကျောင်းသူ လူငယ်များအား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ သည်။
Mar 22,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ မြင်တင်ရပ်ကွက် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် အားကစားနှင ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်ကျောင်းရှိ မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 22,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင် လစာငွေများကို မတ်လ၂၁ရက်မှ၃၀ရက်အထိ နံနက်(၇:၀၀)နာရီအချိန်မှစ၍ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အလှည့်ကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။