မရမ်းကုန်းမြို့နယ် ရွှေရောင်သမိုင်း" အ​ရေး​ပေါ်ကယ်​ဆယ်​ရေးနှင့် လူမှုအ​ထောက်အကူပြု ဖွံ့ဖြိုး​ရေးအသင်း (ERSSDO)​မှ သဘာဝ​ဘေးအန္တရာယ်ဖြစ်ပွားပါက အချိန်နှင့်တ​ပြေးညီ ကူညီကယ်ဆယ်​ဆောင်ရွက်နိုင်​ရေး အသင့်စုဖွဲ့ထားရှိ

မရမ်းကုန်း မတ် ၂၂

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ရွှေရောင်သမိုင်း" အ​ရေး​ပေါ်ကယ်​ဆယ်​ရေးနှင့် လူမှုအ​ထောက်အကူပြု ဖွံ့ဖြိုး​ရေးအသင်း (ERSSDO)​မှ သဘာဝ​ဘေးအန္တရာယ် ဖြစ်ပွားပါက အချိန်နှင့်တ​ပြေးညီ ကူညီကယ်ဆယ်​ဆောင်ရွက်နိုင်​ရေးအတွက် ယ​နေ့နံနက် ၇း၀၀နာရီအချိန်က အသင့်စုဖွဲ့ထားရှိ​ကြောင်း သိရသည်။

ထိုသို့ အသင့်စုဖွဲ့ထားရှိရာတွင် မိမိမြို့နယ်အတွင်း၌လည်း​ကောင်း၊ တခြားမြို့နယ်များတွင်​သော်လည်း​ကောင်း သဘာဝ​ဘေးအန္တရာယ်ကျ​ရောက်ပါက ကူညီကယ်ဆယ်နိုင်​ရေး ယာဉ်/စက် အသင့်ပြင်ဆင်ထားရှိခြင်း၊ မ​တော် တဆထိခိုက် ဒဏ်ရာရသူများအား ကူညီနိုင်​ရေးအတွက်​ ဆောင်ရွက်ထားရှိခြင်းများကို မြို့နယ်သဘာဝ​ဘေး အန္တရာယ်စီမံခန့်ခွဲမှု​ကော်မတီအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများ၊ မြို့နယ်ကြက်​ခြေနီတပ်ဖွဲ့များ၊ မိတ်ဖက် ပရဟိတအသင်းများနှင့်အတူ ပူး​ပေါင်းဆောင်ရွက်သွားမည် ဖြစ်​ကြောင်း သိရသည်။

​အေး​အေး​အောင်(ပြန်/ဆက်)