Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပွင့်ဖြူမြို့နယ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေ (၂၅၃)သိန်း ထုတ်ချေးပေးခဲ့
Jan 14,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန်နှင့် ဒေသခံတောင်သူများ အခက်အခဲမရှိ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေကျပ်(၂၅၃)သိန်း ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း အဆိုပါ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး(စကု)မြို့နယ်ရှိ လျှပ်စစ်ရေတင်လုပ်ငန်းနှစ်ခုမှ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် စိုက်ဧကပေါင်း ၁၃၀၀ အတွက် စိုက်ပျိုးရေများ ဖြန့်ဝေပေးသွားမည်
Jan 14,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)လက်အောက်ရှိ ကမ်းနီလျှပ်စစ်မြစ်ရေတင်လုပ်ငန်းနှင့် ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်းနှစ်ခုမှ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါးနှင့် အခြားသီးနှံ ဧကပေါင်း ၁၃၀၀ အတွက် စိုက်ပျိုးရေများကို စတင်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်ခရိုင် (ဗဟို)အဆင့် လူရည်ချွန်စာမေးပွဲ ကျင်းပ
Jan 14,2025
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်အနေဖြင့် နိုင်ငံတော်အတွက် အရည်အချင်းမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရေးအတွက် ဘက်စုံထူးချွန်သည့် ကျောင်းသား၊ကျောင်းသူများ လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပြီး လူရည်ချွန် ကျောင်းသား/ကျောင်းသူများ မွေးထုတ်ပေးနိုင်ရေး ယမန်နေ့ နံနက်ပိုင်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောက်ဆည်ခရိုင်(ဗဟို)အဆင့် လူရည်ချွန်စာမေးပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်၊ အ.မ.က-အောက်ကင်းအရှေ့ကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူးချွန်ဆု ချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Jan 14,2025
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ဆင်ခြေဖုန်းကျေးရွာအုပ်စု-အောက်ကင်းအရှေ့ အခြေခံပညာမူလတန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူးချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ၎င်းကျောင်းခန်းမအတွင်း ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်မှစ၍ စည်ကားစွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇေယျာသီရိမြို့နယ် ကျွန်းရောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 14,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျွန်းရောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် အင်းဒေါင်းကျေးရွာ၌ အမေများနေ့အထိမ်းအမှတ် (၂၄)ကြိမ်မြောက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပ
Jan 14,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အင်းဒေါင်းကျေးရွာ၌ ဒေသခံရပ်မိရပ်ဖများက ဦးဆောင်ကာ အမေများနေ့အထိမ်းအမှတ် (၂၄) ကြိမ်မြောက် သက်ကြီးဘိုးဘွားများအား ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါ ကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်တွင် ဒေသခံပြည်သူများအား စားအုန်းဆီတစ်ပိဿာလျှင် (၈၄၀၀) ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေး
Jan 14,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဒေသခံပြည်သူများအား စားအုန်းဆီတစ်ပိဿာလျှင် (၈၄၀၀) ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းကို ရှမ်းပွဲရပ်ကွက်အတွင်းရှိ ဒေါ်ဇာဇာကုန်စုံဆိုင်ရှေ့၌ ယနေ့နံနက် (၈) နာရီအချိန်က ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပူတာအိုမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအကူအညီဖြင့် ဖြစ်ထွန်းနေသော ငါးမွေးမြူရေးလုပ်ငန်းနှင့် MSME ကု…
Jan 14,2025
ကချင်ပြည်နယ်၊ ပူတာအိုဒေသအတွင်း စားဆီဖူလုံရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် MSME ကုန် ထုတ်လုပ်ငန်းများ တက်မြင့်မားလာစေရေး ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပူတာအိုမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအကူအညီဖြင့် ဖြစ်ထွန်းအောင်မြင်လျက်ရှိသော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2124
Page
2125
Page
2126
Page
2127
Current page
2128
Page
2129
Page
2130
Page
2131
Page
2132
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department