အမြို့မြို့အနယ်နယ်သတင်းများ

Jan 14,2025
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Jan 14,2025
ယခုအချိန်အခါသည် ပွင့်လင်းရာသီသို့ ရောက်ရှိလာတော့မည်ဖြစ်၍ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ ခရိုင်၊ချမ်းမြသာစည်မြို့နယ် မီးသတ်ဦးစီးဌာနသည် မြို့နယ်အတွင်း  မီးလောင်မှု၊ မီးလန့်မှုနှင့်မီး‌ဘေးအန္တရာယ်များ  မဖြစ်ပေါ်စေရေးအတွက်  ကြိုတင်ကာကွယ်ရေး  လုပ်ငန်းစဉ်များကို စနစ်တကျ ကွင်းဆင်း ကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Jan 14,2025
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ   ဌာနဆိုင်ရာဝန်ထမ်းများနှင့်   ပြည်သူများအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံပေးခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီတွင်မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီး၌  Pfizer  ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးသည်။
Jan 14,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသော တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ ဒေသခံများမှာ တောတောင်များနှင့် လမ်းဘေးဝဲယာများတွင် အလေ့ကျပေါက်ရောက်နေသော တံမြက်စည်းပင်များကို ချိုးယူ၍ တံမြက်စည်းချောများ ပြုလုပ်ရောင်းချလျက်ရှိနေကြောင်း သိရသည်။
Jan 14,2025
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် တာချီလိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်နေမိသားစုတို့ လူမှုစီးပွားဘဝတိုးတက်ရေး အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သဘာဝဓာတ်မြေဩဇာထုတ်လုပ်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က နားယောင်းကျေးရွာအုပ်စု၊ တာကြန့်ကျေးရွာရှိ ကျေးရွာခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လက်ခုပ်ပင်ကျေးရွာအုပ်စု၊ သာစည်ကျေးရွာ၌ ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားမိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်စေရန်အတွက် နဝမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။