အမြို့မြို့အနယ်နယ်သတင်းများ

Jan 11,2022
အခါတပါး၌ နတ်ပြည်တွင် သိကြားမင်းက နတ်သားတစ်ပါးအား အမောင်နတ်သား သင်လူ့ပြည်သို့ဆင်းပြီး လူ့ပြည်တွင် မိုးလေဝသ ရာသီဥတု မှန်သလား၊ ဆန်ရေစပါး ပေါများရဲ့လား စုံစမ်းဖို့ လွှတ်လိုက်လေသည်။ နတ်မင်းလည်း ကျွန်းပညိုလို့ခေါ်တဲ့ရွာမှ သူကြွယ်တစ်ဦး၏ လယ်ကွက်ထဲမှ စပါးနှံတစ်ဆုပ်ကိုယူ၍ နတ်ပြည်သို့ တက်ခဲ့လေသည်။
Jan 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကျေးရွာအရောက်  ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို  ယမန်နေ့ နေ့လည်ပိုင်းက ဒေးဒရဲမြို့နယ် ဒေါင့်ကြီးကျေးရွာအုပ်စုတွင် ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
Jan 11,2022
စာပေချစ်မြတ်နိုးသူ ပြည်သူများအနေဖြင့် စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် တွင် Onlineမှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀:၀၀)နာရီအချိန်က ပုံပြော၊ ကဗျာရွတ်ဖတ်ခြင်းအစီအစဉ်ကို တင်ဆက်ပေးခဲ့ကြောင်း သိရသည်။
Jan 11,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင်  နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲ‌ ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jan 11,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် အကျိုးဆောင်တောင်သူများ ပူးပေါင်း၍ အထွက်နှုန်းကောင်းမွန်ပြီး    ဒေသနှင့်ကိုက်ညီသော ပဲပုတ်မျိုးများ ရရှိစေရန် ရည်ရွယ်၍ ပဲပုတ်မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ပျိုးခြင်းကို ယနေ့နံနက်ပိုင်းက ဘော်ကြိုကျေးရွာအုပ်စု ဆားတွင်းကျေးရွာရှိ တောင်သူဦးနန္တောလယ်မြေတွင် စတင်စမ်းသပ် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
Jan 11,2022
ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အသက်၁၈နှစ်နှင့် အထက်ပြည်သူများအား ဒုတိယအကြိမ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို  ဇန်နဝါရီလ ၁၁ နံနက် ၉နာရီအချိန်မှစ၍ မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးစုရပ်(၆)ခုတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Jan 11,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ဇန်နဝါရီ(၁၁)ရက်နေ့ နံနက်(၁၀)နာရီက၊ စာပေဝါသနာရှင်လူငယ်များနှင့် ရုံးဝန်ထမ်းများ စုပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 11,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုင်းတုံမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ပြုလုပ်ပေးခြင်းကို ယမန်နေ့က မိုင်းပတ်(အထက်)ကျေးရွာအုပ်စု၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။