နတ်တလင်း ဇန်နဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်လဲ့ဝါမြင့်က နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲပြသရခြင်း၊ ဟောပြောပွဲကျင်းပရခြင်းရည်ရွယ်ချက်နှင့် ပက်သက်၍ရှင်းလင်းပြောကြားပြီး Book Club အဖွဲ့၀င်ဆရာဦးသန်းအောင်မှ “စာပေကျေးဇူး”ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ စာအုပ်ပြပွဲတွင် သုတ၊ ရသ စာအုပ်များကို ခင်းကျင်းပြသထားခြင်း၊ နံရံကပ်စာစောင်ပြသရာတွင် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင် ကိုပြသထားရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်တစား ကြည့်ရှု့လေ့လာ ခဲ့ကြကြောင်းသိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)