ကျောက်ပန်းတောင်းမြို့နယ်ပြန်/ဆက် တွင် စာပေဝါသနာရှင်များစုပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ကျောက်ပန်းတောင်း ဇန်နဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ဇန်နဝါရီ(၁၁)ရက်နေ့ နံနက်(၁၀)နာရီက၊ စာပေဝါသနာရှင်လူငယ်များနှင့် ရုံးဝန်ထမ်းများ စုပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က ၂၀၁၈ ခုနှစ်၊ စာပေဗိမာန်စာမူဆု လူငယ်စာပေ တတိယဆုရရှိခဲ့သည့် စာရေးဆရာ နိုက် ရေးသားသည့် သမီးနှင့်သားသို့ ပေးစာများ စာအုပ်ပါ “အောင်မြင်မှုကို တိုင်းတာကြည့်ရမည့် ပေတံ” ဆောင်းပါးကို ဖတ်ကြား၍ စာပေဝါသနာရှင်လူငယ်များနှင့် ဆောင်းပါးပါ အကြောင်းအရာများကို အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)