ကျိုင်းတုံ ဇန်နဝါရီ ၁၁
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုင်းတုံမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ပြုလုပ်ပေးခြင်းကို ယမန်နေ့က မိုင်းပတ်(အထက်)ကျေးရွာအုပ်စု၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုင်းတုံမြို့နယ် ရုံးမှ လှုဝင်မှုကြီးကြပ်ရေးမှူး ဦးယာစိုးဘိုနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် မိုင်းပတ် (အထက်) ကျေးရွာအုပ်စုရှိ အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်သူ ၁၇ ဦး၊ အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်သူ ၂၅ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ပျက် မိတ္တူဆောင်ရွက်သူ ၆ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်ဆောင်ရွက်သူ ၁၅ ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း လျှောက်ထားသူ အိမ်ထောင်စု ၃ စု တို့အား အခမဲ့ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ကျိုင်းတုံမြို့နယ်အတွင်း ၂၀၂၁ ခုနှစ် မေလ ၃ ရက်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်အထိ ၁၈ လကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)