ကာလိမြို့၌ မီးငြိမ်းသတ်ရေးကွင်းဆင်းသရုပ်ပြ

ကာလိ ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် ယမန်နေ့ မွန်းတည့် (၁၂)နာရီအချိန်က ကာလိမြို့၊ မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ရေး သရုပ်ပြပွဲကို အမှတ်(၁)ရပ်ကွက်ရှိ မြို့မဈေးနှင့်အမှတ်(၄)ရပ်ကွက်ရှိ တင်းလီဈေးတို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကာလိမြို့မဈေး မီးဘေးလုံခြုံရေးအတွက် ရည်ရွယ်၍  အဆိုပါမီးငြိမ်းသတ်‌ရေး သရုပ်ပြပွဲ ဆောင်ရွက်ခြင်းဖြစ်ပြီး မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးအော်သူက ရှေးဦးစွာ ပြည်သူများ သိသင့်သိထိုက်သော မီးငြိမ်းသတ်နည်းများ ရှင်းလင်းပြောကြားပေးကာ မြို့မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်ရေများဖြင့် မီးငြိမ်းသတ်နည်းလည်းကောင်း၊ ဈေးသူဈေးသားများနှင့် ပြည်သူလူထုများအား မီးငြိမ်းသတ်ရေး ပစ္စည်းများနှင့် မီးသတ်ဆေးဘူးများကို အသုံးပြု၍ မီးငြိမ်းသတ်ခြင်းကို လည်းကောင်း လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ရာ အဆိုပါပြပွဲတွင် ကာလိမြို့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်း၊ ကာလိနယ်မြေစခန်းမှူး ရဲအုပ်လှဟန်၊ စည်ပင်သာယာရေး ဌာနမှ ဦးစီးမှူးဦးခင်ဇော်ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဈေးသူ ဈေးသားများ၊ ရပ်ကွက်နေပြည်သူများတို့က တက်ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

ဝင်းကျော်(ကာလိ၊ပြန်/ဆက်)