စစ်ဘေးရှောင် ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေး

မိုင်းကိုင် ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း  စစ်ဘေးရှောင် ကျေးလက်နေပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းအဖြစ် ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့၌  မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး  ဒေါက်တာ စိုင်းထွန်းလှိုင်းနှင့်  ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် ယာယီစစ်ရှောင်စခန်း များအထိ ကွင်းဆင်းကာ ဝန်ဆောင်မှုများ ပေးခဲ့သည်။ 

အဆိုပါ ကွင်းဆင်းမှုတွင် ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ကာကွယ် ကုသရေးနည်းလမ်းများ၊ မျိုးရိုးဗီဇကွဲ အိုမီခရွန်နှင့် ပတ်သက်သည့်  အကြောင်းအရာများ၊ ကျန်းမာရေးအသိပညာများကို  ဆွေးနွေးဟောပြောခြင်း၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများအား  ထိုနှံပေး ခြင်း၊ ဘိုးဘွားများနှင့် ကလေးငယ်များအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်း များ  ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)