လိပ်သို ဇန်နဝါရီ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်နှင့် အလွယ်တကူလေ့လာဖတ်ရှုနို်ငရန် ရည်ရွယ်၍ ယနေ့ နံနက်ပို်ငးက ရုံးရှေ့မြေစိုက်ဘုတ်တွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ် စာစောင် ပြသဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေများ၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ကလေးအလုပ်သမားဟူသည် အဘယ်နည်း၊ ကလေးအလုပ် သမား၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အပြည်ပြည်ဆိုင်ရာ ပြဌာန်းချက်များ၊ အသက်(၁၄)နှစ်အောက် ကလေး ကို စက်ရုံအလုပ်ရုံတွင် အလုပ်လုပ်ခွင့်မပြုအစရှိသည့် အသိပညာပေး အကြောင်းအရာများကို ပြသထား ရှိပြီး ပြည်သူများ စိတ်ဝင်စားစွာလာရောက် လေ့လာဖတ်ရှုကြကြောင်း သိရသည်။
မြို့ (ပြန်/ဆက်)