အမြို့မြို့အနယ်နယ်သတင်းများ

Jan 18,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲ မြို့နယ်၊ အမှတ်(၂)ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက် ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေး အတွက် အသိပညာပေးခြင်း လုပ်ငန်းများကိုပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှုလုပ်ငန်း ကိုယမန်နေ့နံနက်(၉) ကပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည်ဌာနဆိုင်ရာများ နှင့်ပူးပေါင်း ပြီးအရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပါသည်။
Jan 18,2022
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုလောမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ပုလောမြို့နယ် ထမင်းမစားကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jan 18,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား  တတိယအသုတ်  ပထမအကြိမ်   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က  စတင်၍ တောင်သာ အ.ထ.ကကျောင်း  နဝရတ်ခန်းမ နှင့်စုရပ်(၃)နေရာအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jan 18,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး အကြောင်းကို ပြည်သူများသိရှိစေရန်နှင့် လိုက်နာဆောင်ရွက်ကြစေရန် ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Jan 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ ပြည်သူများအား ယာဉ်တိုက်မှုအန္တရာယ်မှကင်းဝေးစေရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာ‌စေရေးအတွက် ယနေ့ နံနက်၉ နာရီခွဲအချိန်က ဗဟန်းမြို့နယ်၊ ​ရေတာရှည်ရပ်ကွက်၊ ရွှေဂုံတိုင်လမ်း၊​ကျောက်ဆည် ဓမ္မာရုံ​ရှေ့၌ ယာဉ်စည်းကမ်းလိုက်နာ​ဆောင်ရွက်မှု ရှိ/မရှိ ယာဉ်စစ်‌ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ‌သည်။
Jan 18,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက စာပေချစ်မြတ်နိုးသူများအဖွဲ့နှင့် စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။
Jan 18,2022
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိရာ ပြည်သူများလာရောက် ထိုးနှံနေကြသဖြင့် ကျန်းမာရေး ဝန်ထမ်းများမှ ယနေ့ နံနက် ၉ နာရီက ပြည်တော်အေးရပ်ကွက်ရှိ ဆင်ဖြူတော် ဘုရားဓမ္မာရုံတွင် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။