ပုလော ဒီဇင်ဘာလ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုလောမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ပုလောမြို့နယ် ထမင်းမစားကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ပုလောမြို့နယ် လဝကဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးဇော်မိုးက ပန်းခင်းစီမံချက်ဆိုင်ရာအကြောင်း အသိပညာပေးဆွေးနွေး၍ လက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေပြီး၊ မြို့နယ် လဝက ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသက်(၁၀)နှစ်ပြည့် နိုင်၃(က) (၆)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင် ၆(က)(၂၇)ဦး၊ လဲလှယ်(၁၇)ဦး၊ မိတ္တူ(၁၇)ဦး၊ စုစုပေါင်း (၆၇)ဦးနှင့် အိမ်ထောင်စု (၄)စုကို ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေးအေးမော် (ပုလော)