မင်းဘူး ဇန်နဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် လျှပ်စစ်ပြင်ထိန်းဌာနမှ လမ်းမီးကြိုးနှင့် မလွတ်သည့် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ပြုလုပ်ဆောင်ရွက်ရာတွင် ပွင့်လင်းရာသီကာလ ဖြစ်တာနှင့်အညီ မြို့နယ်အတွင်းရှိ ရပ်ကွက်နေ ပြည်သူများ လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေး၊ အကြောင်းမဲ့ မီးပြတ်တောက်မှုနှင့် အချိန်နှင့် တစ်ပြေးညီ မီးရရှိရေးတို့အတွက် လျှပ်စစ်ဌာနမှ စနေ၊ တနင်္ဂနွေနှင့် ရုံးပိတ်ရက်များတွင် လျှပ်စစ်မီးတိုင် လဲခြင်းများ၊ ကြိုးပြတ်၊ ကြိုးပေါက်ခြင်းများနှင့် သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်းများကို ပြုလုပ်ပေးလျက် ရှိပါကြောင်း လျှပ်စစ်ဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ထိုသို့ ပြုလုပ်လျက်ရှိရာ မြို့နယ်လျှပ်စစ်ဌာနတွင် ပြင်ထိန်းနှင့် လိုင်းမင်းဟူ၍ နှစ်ဖွဲ့ရှိပြီး သစ်ပင်လဲပြိုခြင်း၊ သစ်ကိုင်းကြီးများ၊ ကျိုးကျခြင်းများနှင့် အရေးကြီး၍ လိုအပ်ပါက နှစ်ဖွဲ့ပေါင်း ဝန်ထမ်း ၂၀ ဦးဖြင့် ဆောင်ရွက် ကြကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)