စလင်းမြို့နယ်၌ ၂၀၂၅ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကြက်တောင်၊ စားပွဲတင်တင်းနစ် ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

စလင်း ဇန်နဝါရီ  ၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် (၇၇)နှစ်​မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စားပွဲတင်တင်းနစ် အငယ်တန်း၊ အကြီးတန်းကြက်တောင် အမျိုးသား၊ အမျိုးသမီး၊ ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲအသီးသီးတို့တွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို မြို့နယ်အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမဆောင်အတွင်း၌ ယနေ့ဇန်နဝါရီလ(၄)ရက်  နံနက်၉ နာရီ  ၃၀ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ကာ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲအား (လင်းဖူဆယ်အားကစားကွင်း  စားပွဲတင်တင်းနစ်ပြိုင်ပွဲအား အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မိုးလုံလေလုံအားကစားခန်းမဆောင်နှင့် ကြက်တောင်ပြိုင်ပွဲကို မြို့နယ်ပြည်သူ့အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမဆောင်တို့တွင် စလင်းမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် အားကစားပြိုင်ပွဲအသီးသီးတို့တွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဌာနဆိုင်ရာအဆင့်အကြီးအကဲများက ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်အားပေးကြည့်ရှုခဲ့သည်။

ပြိုင်ပွဲဝင်ဆုရရှိ အားကစားသမားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ စားပွဲတင်တင်းနစ်ဆုရရှိသူများနှင့် ကြက်တောင်ပြိုင်ပွဲ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲဆုရရှိသူများအား တစ်ဦးချင်းဆုများပေးအပ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဆုရရှိခဲ့ကြသည့် အားကစားသမားများနှင့် စုပေါင်း၍အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

(မောင်လွင်)စလင်း