ရေဦး ဇန်နဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့ အောင်ဆန်းရပ်ကွက်တွင် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ် ပညာရေး၀န်ကြီးဌာန ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် ကျောင်းဆောင်သစ်ဆောက်လုပ် လျှက်ရှိကြောင်းသိရသည်။ အဆိုပါ ကျောင်းဆောင်သစ်အဆောက်အဦကို ငွေကျပ် ၆၉၈, ၀၀၀၀၀ တင်ဒါအောင်မြင်ခဲ့သော သီဟပိုင် ဆောက်လုပ်ရေးကုမ္ပဏီက တာ၀န်ယူတည်ဆောက်လျှက် ရှိသည်။ အဆောက်အဦအမျိုးအစားမှာ (Steel Structure )အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေရှိ သွပ်မိုးအုတ်ကာ အုတ်ခင်း တစ်ထပ်ဖြစ်ကြောင်း၊ ပြီးစီးမှုအနေဖြင့် ၅၀ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။
သန်းထိုက်