မူဆယ် ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မိုင်းယု(၁၀၅)ကျေးရွာအုပ်စု အတွင်းရှိ ဒေသခံပြည်သူများကို “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပေးလျက်ရှိသော ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် နိုင်ငံသား စီစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ လက်ဝယ်ရရှိစေရေးအတွက် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မူဆယ်ခရိုင်ဦးစီးမှူး ဦးရဲရင့်ထွန်းနှင့်အဖွဲ့ ဝန်ထမ်းများ က ယမန်နေ့နံနက်ပိုင်းတွင် မိုင်းယု (၁၀၅မိုင်) ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် အိမ်ထောင်စုလူဦးရေစာရင်း (မရှိ) သေးသူများနှင့် နိုင်ငံသားစိစစ်ရေးကတ်(မရှိ)သေးသူများကို လုပ်ငန်းစဉ်(၄)မျိုးဖြင့် အသက် (၁၀)နှစ် ပြည့်မှစ၍ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးရရှိရေးအတွက် ပြုလုပ်ပေးလျက်ရှိရာ အသက်(၁၀) နှစ် ပြည့် (နိုင်၃/ကမှ နိုင်/၆က)(၁၃)ဦး၊ ဆောင်ရွက်ရန်မလိုတော့သော သေဆုံးစာရင်း(၃၉)ဦး၊ ပြောင်းရွှေ့ သွားသူ(၁၀)ဦး၊ ခရီးလွန်(၁၃)ဦးနှင့် ရဟန်း/သီလရှင်(၁)ဦး စုစုပေါင်း(၆၃)ဦးကို စစ်ဆေးဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရပြီး၊ ခရိုင်ဦးစီးမှူး ဦးရဲရင့်ထွန်းမှ နိုင်ငံသား လာရောက်လျှောက်ထားသည့် ပြည်သူ(၇၀)ဦးကျော်ကို “ပန်းခင်း” စီမံချက်လုပ်ငန်း ဆောင်ရွက်မှုနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ချယ်ရီမြေ(မူဆယ်)