ရန်ကင်းမြို့နယ်တွင် ပြည်သူများစာပေကို အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ရေးအတွက် Mobile Library လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကင်း ဇန်နဝါရီ ၁၃

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာအုပ်စာပေများမှရရှိသည့် ဗဟုသုတများကို လွယ်လင့်တကူ ရရှိစေနိုင်ရန် ရည်ရွယ်၍ Mobile Library နယ်လှည့်စာငှားလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးရုံးသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့စာကြည့်တိုက် တိုက်ပိုင်ပညာရပ်ဆိုင်ရာစာအုပ် များ၊ ဂန္တဝင်ဝတ္ထု စာအုပ်များ၊ မဂ္ဂဇင်းနှင့် ဝတ္ထုစာအုပ်များ စုစုပေါင်း (၇၀) အုပ်ကို မြို့နယ် စီမံအုပ်ချုပ်ရေးရုံးမှ ဝန်ထမ်းများအား ငှားရမ်းပေးခဲ့သည်။ ထို့အပြင် ရန်ကင်းမြို့နယ် ပြည်သူ့ စာကြည့်တိုက်ရှိ သုတ/ ရသ စာအုပ်များကိုလည်း လာရောက်ငှားရမ်းဖတ်ရှုနိုင်ရန်အတွက် အသင်းဝင်ကတ်ပြားများကိုလည်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)