Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ညောင်ဦးအကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူများအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု
Jan 05,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသားနှင့်အကျဉ်းသူတို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပွဲကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်က ညောင်ဦးအကျဉ်းထောင်ဝင်းရှိ ဓမ္မာရုံ၌ပြုလုပ်ခဲ့ ကြောင်းသိရဿည်။
အပြည့်အစုံ ဖတ်ရန်
(၇၇) နှစ်မြောက် လွတ်လပ်ရေးနေအထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲ ကျင်းပ
Jan 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ ရန်ကုန်တိုင်းဒေသကြီးရုံးရှေ့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲကို ဇန်နဝါရီလ ၃ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အမှတ်(၁)အခြေခံပညာအထက်ကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
Jan 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြိုနယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က သပြေကုန်းရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြတ်မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇမ္ဗူသီရိမြို့နယ် နေပြည်တော်အချုပ်ထောင်၌ အကျဉ်းသား ၃၂ ဦး ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ရရှိ
Jan 05,2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၄-၁-၂၀၂၅ ရက်စွဲပါ အမိန့်အမှတ် ၁/၂၀၂၅ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်စေရန် ရှေ့ရှုသောအားဖြင့်လည်းကောင်း ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့်အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်၊ နေပြည်တော်အချုပ်ထောင်၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေနော်ဝင်း၊ အဖွဲ့ဝင် ဗိုလ်မှူးပြည့်ဖြိုးအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးဇော်လွင်၊ နေပြည်တော်အချုပ်ထောင်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးဖုန်းဝေ၊ နေပြည်တော်ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်း တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်ကို၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန့်ဇင်ဦးနှင့် နေပြည်တော်အချုပ်ထောင်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးဇေယျာလင်း (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများ ကြည့်ရှုအားပေးခြင်းနှင့် ရေဘေးသင့်ကာလတွင် စွမ်…
Jan 05,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် ကွင်းအမှတ် (၁၄၅၃) ကြို့ကုန်းကွင်း၊ လယ်ယာမြေများပေါ် တင်ကျန်ရစ်ခဲ့သည့် သစ်တို၊ သစ်စများအား မြို့နယ်စက်မှုလယ်ယာဦးစီးဌာနနှင့်သစ်ထုတ်လုပ်ရေးစခန်းမှ ဖယ်ရှားဆောင်ရွက်နေမှုများကို နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးဇေယျာလင်းတို့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဖြင့် ပေါင်မြို့နယ် အကျဉ်းထောင်(၃)မှ အကျဥ်းသား (၅၂)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိ
Jan 05,2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အမှတ် (၂/၂၀၂၅) အရ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ်၊ ပေါင်မြို့နယ် ဇင်းကျိုက်ထုတ်ကုန်စခန်းမှ အကျဥ်းသား (၁၈) ဦး၊ ရင်းငြိမ်ကုန်ထုတ်စခန်းမှ အကျဉ်းသား (၂၆) ဦး၊ အင်းပြောင်ကုန်ထုတ်စခန်းမှ အကျဉ်းသား (၈) ဦး၊ စုစုပေါင်းအကျဉ်းသား (၅၂) ဦးတို့အား ယမန်နေ့ နံနက်ပိုင်းက ရာဇဝတ်ကျင့်ထုံးပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအားလျှော့ပေါ့၍ တာဝန်ရှိသူတို့က ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဖြင့်ဖွင့်လှစ်သည့် ကန်သုံးဆင့်အပန်းဖြေဥယျာဉ်ဖွင့်ပွဲအခမ်းအနား တက်ရောက်…
Jan 05,2025
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို အထိမ်းအမှတ်ဖြင့် ၂ဝ၂၄ - ၂ဝ၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပုသိမ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှဆောင်ရွက်သော ပုသိမ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊ “ကန်သုံးဆင့်အပန်းဖြေဥယျာဉ်ဖွင့်ပွဲ” အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါပန်းဥယျာဉ်တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်တွင် "ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုးကျန်းမာရေးနှင့်နာရေးကူညီမှုအသင်း"မှ ဇန်နဝါရီပထမပတ် ကျန်းမာရေးချို့တဲ့ဝေဒနာရှင်များအား ကျန်းမာရေးစ…
Jan 05,2025
မကွေးတိုင်းဒေသကြီး မင်းဘူခရိုင်၊ စလင်းမြို့၊ ပုထိုးဖြူရပ်ကွက် ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုး ကျန်းမာရေးနှင့် နာရေးကူညီမှုအသင်းမှ ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ နေ့လယ် (၁)နာရီအချိန်အထိ စေတနာရှင် ဆေးဝါးကျွမ်းကျင်ဆရာဝန်များနှင့်ပူးပေါင်းကာ ကျန်းမာရေးချို့တဲ့သူ ရပ်ဝေးရပ်နီးမှ ပြည်သူများအား ဇန်နဝါရီပထမပတ်အဖြစ် ဆေးကုသပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1900
Page
1901
Page
1902
Page
1903
Current page
1904
Page
1905
Page
1906
Page
1907
Page
1908
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department