စလင်းမြို့နယ်တွင် "ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုးကျန်းမာရေးနှင့်နာရေးကူညီမှုအသင်း"မှ ဇန်နဝါရီပထမပတ် ကျန်းမာရေးချို့တဲ့ဝေဒနာရှင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေး

စလင်း ဇန်နဝါရီ ၅

မကွေးတိုင်းဒေသကြီး မင်းဘူခရိုင်၊ စလင်းမြို့၊ ပုထိုးဖြူရပ်ကွက် ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုး ကျန်းမာရေးနှင့် နာရေးကူညီမှုအသင်းမှ ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ နေ့လယ် (၁)နာရီအချိန်အထိ စေတနာရှင် ဆေးဝါးကျွမ်းကျင်ဆရာဝန်များနှင့်ပူးပေါင်းကာ ကျန်းမာရေးချို့တဲ့သူ ရပ်ဝေးရပ်နီးမှ ပြည်သူများအား ဇန်နဝါရီပထမပတ်အဖြစ် ဆေးကုသပေးခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ် ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုး ကျန်းမာရေးနှင့် နာရေးကူညီမှုအသင်းအား ဆရာတော်(ဦးပညာသီရီ)မှဦးဆောင်ကြီးကြပ်မှုဖြင့် အပတ်စဥ်စနေနေ့တိုင်း စေတနာဆရာဝန် (၄)ဦးနှင့် တိုင်းရင်းဆေးဆရာ (၁)ဦး၊ ဆေးဝါးကျွမ်းကျင်သူ စေတနာရှင် (၃၀)ဦးတို့မှ စုပေါင်း၍ စလင်းမြို့နယ်အတွင်းနှင့် ရပ်ဝေးရပ်နီးမှ ကျန်းမာရေးချို့တဲ့သူ ဝေဒနာရှင်ပြည်သူများအား ဇန်နဝါရီပထမပတ်(စမ်းသပ်စစ်ဆေး၍) ဆေးကုသခြင်းကို မေတ္တာများဖြင့် (အခမဲ့)စမ်းသပ်စစ်ဆေး၍ ဆေးကုသပေးခြင်း၊ စားဆေးသောက်ဆေးများပေးဝေ၍ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။ ကျန်းမာရေးချို့တဲ့၍ ဆေးကုသမှုခံယူသူ ဝေဒနာရှင် (၃၇၂)ဦးအား စမ်းသပ်စစ်ဆေးဆေးကုသပေးခဲ့ကြောင်း သိရသည်။ ယခုအခါတွင်လည်း ဇန်နဝါရီပထမပတ်အဖြစ် အခမဲ့ဆေးကုသပေးခဲ့ပြီ ကုန်သွယ်တူးမြောင်းအုပ်စုကုမ္မဏီလီမိတက် ရန်ကုန်မြို့မှလည်း အဟာရဒါနများ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း ဒို့မေတ္တာအခမဲ့ဆေးခန်းမှ သိရသည်။

မောင်လွင်